Regeneration Mobile Service & Training Center

အပတ်စဉ် (၁၈ ) တစ်ပတ်၅ရက် တစ်လတန်းခွဲကို ၁၅.၂.၂၀၁၇ မှာစတင်ဖွင့်လှစ်ပါတော့မယ်။

သင်တန်းကြေး - Software ၁သိန်း၈သောင်း ၊ Hardware ၁သိန်း၈သောင်း နှစ်ခုလုံးတက်ပါက ၃သိန်း၂သောင်းပါ။

နယ်မှတက်မည့်သူများအတွက် အဆောင်များ နှင့်ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဖုန်း ၀၉ ၄၅၁၄၈၉ ၉ ၃၅ ၊ ၀၉ ၉ ၇၅၅၆၅၉ ၂၂ ၊ ၀၉ ၅၄၁၃၆၉ ၄ တို့ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လိပ်စာကတော့ အမှတ် (၃၅၀) ပထမထပ် ဗညားဒလလမ်း ၊ ရန်ကုန်

pan.baidu မှ Firmware များအားအကောင့်မလို IDM ဖြင့် Download ရယူနည်း

တရုတ် File Cloud Site တစ်ခုဖြစ်တဲ့ pan.baidu.com မှ File တွေကို Download ရယူဖို့ခက်ခဲတာတွေရှိပါတယ်။

ဒီနည်းလမ်းနဲ့အဆင်ပြေပြေ Download ရယူနိုင်မှာပါ။

ပထမဆုံး မိမိအသုံးပြုရမဲ့ Web Browser က Chrome ဖြစ်ရပါမယ်။

ပြီးရင် အောက်က Link ကိုသွားလိုက်ပါ။

https://tampermonkey.net/

screenshot-12_15_2016-4_23_51-pm

ပြီးရင် အနီရောင် Logo လေးဖြစ်တဲ့ Tampermonkey Beta ကို Install လုပ်လိုက်ပါ။

screenshot-12_15_2016-4_25_59-pm

Chrome Browser ညာဖက်ဒေါင်စွန်းလေးမှာ အနီရောင် Logo လေးနဲ့ Icon တစ်ခုပေါ်လာပါလိမ့်မယ်။

ပြီးရင် အောက်ပါ Link ကို ထပ်သွားပါ။

https://greasyfork.org/en/scripts/7382-baidupandownloadhelper-modify-by-ted423

screenshot-12_15_2016-4_30_32-pm

အစိမ်းရောင်လေးနဲ့ရေးထားတဲ့ Install Version ဆိုတာလေးကို နှိပ်လိုက်ပါ။

ဒါဆိုရင် Script တစ်ခု Download ဆွဲသွားပါလိမ့်မယ်.

ပြီးရင် မိမိ Download ရယူလိုတဲ့ pan.baidu.com link ကို ၀င်ရောက်ပြီး

Download ဆွဲနိုင်ပါပြီ။

screenshot-12_15_2016-4_32_38-pm